Electronic Basic ( 1 - 4 ) တန်ဖိုးငယ်သော Resistor များတန်ဖိုးဖတ်ခြင်း

10 အောက်ငယ်သော Resistor များကို တန်ဖိုးဖတ်ယူသည့်အခါတွင် တတိယအရစ်မြှောက်ဖော်ကိန်းနေရာသည် ရွှေရောင် နှင့် ငွေရောင် ဖြစ်နေတတ်ပေသည်။ ရွှေရောင်မြင်လျှင် ရှေ့မှ ရထားသော အုမ်းတန်ဖိုး ကို ၁၀ နှင့်စားပါ ငွေရောင် မြင်လျှင် ရှေ့မှ တန်ဖိုးကို ၁၀၀ နှင့်စားပါ ။

            နမူနာဖတ်ကြည့်ကြပါ

ညို နက် ရွှေ ရွှေ 1 0 ÷ 10 = 1.0 (1 0 x 10-1 = 1 Ω ± 5%)

ညို ပြာ ရွှေ ရွှေ 1 6 ÷ 10 = 1.6 (1 6 x 10-1 = 1.6 Ω ± 5%)

ဖြူ ညို ရွှေ ရွှေ 9 1 ÷ 10 = 9.1 (9 1 x 10-1 = 9.1 Ω ± 5%)

ပြာ နက် ငွေ ရွှေ 6 0 ÷ 100 = 0.6 (6 0 x 10-2 = 0.6 Ω ± 5%) ဖြစ်ကြမှာပါ။



ဝါ ရမ်း ရွှေ ရွှေ

            4 7 ÷ 10 = 4.7 Ω ± 5%

မြှောက်ဖော်ကိန်း သည် ရွှေရောင် ဖြစ်သောကြောင့် ရှေ့ တန်ဖိုး နှစ်ခုကို ၁၀ နှင့်စားပါ။

            4 7 x 10-1 = 4.7 Ω ± 5%




စိမ်း နက် ငွေ ရွှေ

            5 0 ÷ 100 = 0.5 Ω ± 5%

မြှောက်ဖော်ကိန်း သည် ငွေရောင် ဖြစ်သောကြောင့် ရှေ့ တန်ဖိုး နှစ်ခုကို ၁၀၀ နှင့်စားပါ။

5 0 x 10-2 = 0.5 Ω ± 5%

Comments

Popular posts from this blog

Electronic Basic ( 1 - 3 ) Resistor တန်ဖိုးဖတ်ခြင်း

555 IC ( 2 ) 555 IC ဖွဲ့စည်းတည်ဆောက်ထားပုံ

Power ( 1 ) Voltage, Current and Power