Electronic Basic ( 1 - 8 ) Resistor Series and Parallel
Resistor များကိုအသုံးပြုလိုသည့်အခါ လိုအပ်သောခုခံမှု့ အုမ်းတန်ဖိုးသာမက ယင်း၏ ပါဝါခံနိုင်မှု့ သတ်မှတ်ချက် နှင့် လည်း ကိုက်ညီရန် လိုအပ်ပါသည်။ သို့မှသာ အပူရှိန် တိုးမလာပဲ ကြာရှည်ခံနိုင်မှာဖြစ်ပါသည်။ အကယ်၍ Resistor များသည် ခံနိုင်သော ပါဝါထက်ပိုမိုလာက အပူ ထုတ်လွှတ်မှု့ များလာပြီး အဆုံးတွင် ပျက်စီးသွားနိုင်ပေသည်။ သာမန်အားဖြင့် ကိုယ်ထည် ပိုကြီးသော ရီစစ္စတာများသည် ပါဝါကို ပိုခံနိုင်ကြသည်။ ဥပမာ 1 W ရီစစ္စတာတလုံးသည် 500 V ခံနိုင်ပြီး 1/4 W သည် 250 V ခန့် 1/8 W သည် 150 V အသီးသီးခံနိုင်ကြသည်။ Resistor ကို Serial ဆက်သည့်အခါ Ohm တန်ဖိုးသည် ရီစစ္စတာများ၏ ပေါင်းခြင်းအတိုင်း တိုးတိုးလာလိမ့်မည် ဥပမာ 20k 1 W ရှိသော ရီစစ္စတာတလုံးကို Serial ဆက်လိုက်လျှင် Ohm တန်ဖိုးသည်။ 40k 1W ဖြစ်လာပေလိမ့်မည်။ သို့သော် Watt တန်ဖိုးမှာမူ မည်မျှဆက်ဆက် တိုးလာခြင်းမရှိပေ ။ အဘယ်ကြောင့်ဆိုသော် လျှပ်စီးလမ်းကြောင်းမှာ တခုတည်းဖြစ်သောကြောင့် ဖြစ်ပေသည် ။ Resistor များတန်းဆက်ခြင်း နှင့် ပြိုင်ဆက်ခြင်း Resistor များကို ခုခံမှု့တန်ဖိုးနှင့် ပါဝါများကို အပြောင်းအလဲလိုသည့်အခါ Serial, Parallel နှစ်မျိုးဖြင့် တပ်ဆင်ခြင်းဖြင့် မိမိအလိုရှ...