555 IC ( 2 ) 555 IC ဖွဲ့စည်းတည်ဆောက်ထားပုံ
555 IC (Integrated Circuit) သည် Phase - Locked Loop သဘောတရားပါဝင်တဲ့
IC ဖြစ်သလို
ပထမဆုံးသော Integrated
Class D Amplifier လည်းဖြစ်ပေသည်။ အဓိကအားဖြင့် Timer အဖြစ်အသုံးပြုထားသလို
Oscillator နဲ့ Pulse Generation နေရာများမှာလည်း
အများအပြား အသုံးပြု ကြပါသည် ။ထုတ်လုပ်သည့် ကုမ္ပဏီအလိုက် မျိုးကွဲများစွာ ရှိသော်လည်း Standard 555 Package တခုမှာ -
·
Transistor
- ၂၄ လုံး
·
Resistor
- ၁၅ လုံး
·
Diode
- ၂ လုံး
တို့ပါဝင်တည်ဆောက်ထားကြပါသည် ။
555 Timer
IC ကို လုပ်ငန်းလိုအပ်ချက်အရ CMOS
Version အနေဖြင့်လည်း ထုတ်လုပ်ထားပါသည် ။ CMOS Version ဖြင့်ထုတ်လုပ်ထားသော်လည်း
လုပ်ဆောင်ချက်မှာ အတူတူပင်ဖြစ်ပါသည် ။ CMOS
Version တွင်တော့ Bipolar
Version ကဲ့ သို့ Bipolar
Junction Transistor များဖြင့်တည်ဆောက်ထားခြင်း မဟုတ်မူပဲ ။ Mosfet Transistor များဖြင့်
ဖွဲ့စည်းတည် ဆောက်ထားရှိပါသည် ။
![]() |
CMOS
Version 555 IC အတွင်းပိုင်း Schematics
Diagram ဖွဲ့စည်းထားပုံ
555 IC ဟု
နာမည်ပေးထားပုံကလည်း ထူးထူးခြားခြား မဟုတ်မူပဲ အိုင်စီအတွင်းတွင် 5k Ω
Resistor ၃ လုံးကို Voltage
Divider ပုံစံ ဆက်သွယ်ထားခြင်းကြောင့် အလွယ်တကူ 555 ဟု
အမည်သတ်မှတ်ထားခြင်း သာလျှင်ဖြစ်ပေသည် ။ အတွင်းပိုင်းတည်ဆောက်ပုံ
အမျိုးမျိုးရှိကြပေမည့် အဓိကအကျဆုံး Function
များကတော့
• Upper
Comparator
• Lower
Comparator
• Flip
Flop
• Power
Output
• Discharge
တို့သည် အဓိကအကျဆုံး လုပ်ငန်းဆောင်တာတွေပဲ ဖြစ်ပေသည် ။
![]() |
555 အိုင်စီ၏
အဓိကအကျဆုံး အတွင်းပိုင်း Block
Diagram
![]() |
| 555 IC - Internal Circuit Diagram |
![]() |
NE 558 အိုင်စီသည် ပုံမှန် 555 အိုင်စီ ၂ လုံးကို စုပေါင်းတည်ဆောက်ထားသော Dual IC ပုံစံဖြစ်ပေသည် |
![]() |
| 555 Timer ပုံစံမျိုးစုံကိုမြင်တွေ့ရစဉ် |
![]() |
| 7555 IC ထက်ပိုမို တိကျသော 17555 IC |
![]() |
T-Package
ပုံစံ 555 IC |
![]() 555 IC ထက်ပိုမိုတိကျသော 7555 IC |












Comments
Post a Comment