Posts

Showing posts with the label 555 IC

555 IC ( 1 ) 555 IC မိတ်ဆက်ခြင်း

Image
             Electronic ခေတ်ရဲ့ အဆင့်ဆင့်တိုး တက်လာမှု သမိုင်းကို ပြန်ပြောကြမယ် ဆိုပါက 555 IC အကြောင်းကိုချန် ခဲ့လို့ မရနိုင်ပါဘူး။ Analog Electronic ခေတ်ရဲ့ဇတ်လိုက်ကျော်ကြီးလို့ ကင်ပွန်းတပ်ရလောက်အောင်ကို 555 Timer IC လေး ကနေရာစုံ အသုံးဝင်ခဲ့ပါတယ်။ ယခုအချိန် အထိလည်းဇတ်လိုက်ကျော် ဖြစ်နေဆဲပါပဲ ။ မြန်မာပြည်မှာ အိမ်တိုင်းသုံးတဲ့ Safe Guard ကို 555 အိုင်စီ ၃ သုံးဖြင့် တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ယခုနောက်ပိုင်း ဈေးကွက်အတွင်းတွင် Marketing အရ Microcontroller IC ကိုအသုံးပြုပြီး ဆက်လက်ထုတ်လုပ် လာပြီဖြစ်ပေမည့် Function တွေကအတူတူပင် ဖြစ်ပါတယ်။ မတူညီခြင်း ကတော့ ဈေးနှုန်းအားဖြင့် သက်သာခြင်း အကြမ်းခံခြင်းတို့ကတော့ 555 အိုင်စီရဲ့ အားသာချက်ပင်ဖြစ်ပါတယ် ။ Hans R. Camenzind နောက်ခံသမိုင်းကြောင်း             နာမည်ကျော် 555 Timer IC လေးကို ၁၉၇၁ ခုနှစ်မှာ Hans R. Camenzind ဟန်စကင်းဇင် ( 1931 – 2012 ) က InterDesign ကုမ္ပဏီအနေဖြင့် Signetics ကုမ္ပဏီ ၊ Phillips Semiconductors ( ယခု NXP ) နဲ့လက်တွဲပြီး အိုင်စီလေးကို တ...

555 IC ( 2 ) 555 IC ဖွဲ့စည်းတည်ဆောက်ထားပုံ

Image
                                   555 IC (Integrated Circuit) သည် Phase - Locked Loop သဘောတရားပါဝင်တဲ့ IC ဖြစ်သလို ပထမဆုံးသော Integrated Class D Amplifier လည်းဖြစ်ပေသည်။ အဓိကအားဖြင့် Timer အဖြစ်အသုံးပြုထားသလို Oscillator နဲ့ Pulse Generation နေရာများမှာလည်း အများအပြား အသုံးပြု ကြပါသည် ။ ထုတ်လုပ်သည့် ကုမ္ပဏီအလိုက် မျိုးကွဲများစွာ ရှိသော်လည်း Standard 555 Package တခုမှာ - ·          Transistor - ၂၄ လုံး ·          Resistor - ၁၅ လုံး ·          Diode - ၂    လုံး တို့ပါဝင်တည်ဆောက်ထားကြပါသည် ။ 555 Timer IC ကို လုပ်ငန်းလိုအပ်ချက်အရ CMOS Version အနေဖြင့်လည်း ထုတ်လုပ်ထားပါသည် ။ CMOS Version ဖြင့်ထုတ်လုပ်ထားသော်လည်း လုပ်ဆောင်ချက်မှာ အတူတူပင်ဖြစ်ပါသည် ။ CMOS Version တွင်တော့ Bipolar Version ကဲ့ သို့ Bipolar Junction Transistor များဖြင့်တည်ဆောက်ထားခြင်း မဟုတ...