Wiring ( 1 - 2 ) Current
Current အကြောင်း ပထမ သိခဲ့ကြသော Atom တခု၏ အပြင်ဘက်အကျဆုံး Free Electron အကြောင်း လေ့လာခဲ့ကြပြီးပြီ။ အပြင်ဘက်အကျဆုံး လမ်းကြောင်းမှ Electron ကိုခေါ်ဆိုခြင်းဖြစ်ပါသည်။ ယင်း Electron များကို ဆင့်ကဲ့ဆင့်ကဲ ရွှေ့လျားနေစေရန် တွန်းအားတခုသက်ရောက်ပေးနိုင်ပါက Electron Flow ခေါ် Electron စီးကြောင်းကြီးတခု ဖြစ်ပေါ်လာနေစေမှာဖြစ်ပါသည်။ ယင်း လျှပ်စီးကြောင်းကို Current ဟုခေါ်ဆိုပါသည်။ Electron များ အပြန်အလှန်စီးဆင်းနေခြင်းကို Alternating Current ( AC ) ဟုခေါ်ဆိုကြပြီး Grape မျဉ်းဖြင့် ဖော်ပြပါက လှိုင်းတွန့် ပုံဖြင့် အပြန်အလှန်စီးဆင်းနေခြင်းကို မြင်ရမှာဖြစ်ပါသည်။ အကယ်၍ Electron စီးဆင်းနေမှု့သည် တဘက်တည်းသို့ တည်ငြိမ်စွာစီးဆင်းနေပါက Direct Current ( DC ) ဟုခေါ်ဆိုပြီး Grape မျဉ်းဖြင့်ပြသပါက မျဉ်းဖြောင့်ဖြင့်ဖော်ပြပါသည်။ လျှပ်စီးကြောင်း Current ကို ( I ) သင်္ကေတဖြင့်ဖော်ပြပြီး တိုင်းတာသော Unit မှာ (A ) ဖြစ်သည် လျှပ်စီးကောင်း တိုင်းတာသော မီတာမှာ Ampere Meter ဖြစ်ပေသည်။ AC Ampere Meter ကိုတွေ့မြင်ရစဉ်။ လျှပ်စီးကြောင်း ပမာဏနည်းပါးပါက mA ဖြင့်ဖော်ပ...