Electronic Basic ( 2 - 5 ) Capacitor Code တန်ဖိုးဖတ်ခြင်း
ကပယ်စီတာများတွင် AC capacitor နှင့် DC capacitor ဟူ၍အခြေခံအားဖြင့် နှစ်မျိုးသာရှိပေသည်။ ယင်းတို့တွင် Electrolytic Capacitor တမျိုးသာ အဖိုအမ သတ်မှတ်ချက်ရှိပြီး၊ ကျန် အမျိုးအစား အဖိုအမ သတ်မှတ်ချက်မရှိကြပေ။ အီလက်ထရိုလိုက် (Electrolytic) အမျိုးအစား ကပယ်စီတာများကို ဆားကစ်ပါတ်လမ်း ပေါ်တွင် အဖိုအမ မှန်ကန်အောင်တပ်ရန် အထူး ဂုရုပြုရမည် ဖြစ်ပေသည်။ ထို့ပြင် အီလက်ထရိုလစ်စတစ် ကပယ်စီတာ တမျိုးသာ တန်ဖိုးအတိုင်း ကိုယ်ထည်ပေါ်တွင် Capacitance တန်ဖိုးကို ရေးသားထားပြီး အခြား အမျိုးအစား ကပယ်စီတာ များကိုတန်ဖိုး ဖတ်ရန်အတွတ် ကိုယ်ထည်ပေါ်တွင် Code နံပါတ် များဖြင့် ရေးသားထားပေသည်။ ယင်းတို့ကို ဖတ်ရန်မှာ နံပါတ် ၃ လုံးနှင့် နောက်ဆုံး အက္ခရာတလုံးသာပါဝင်ပေသည်။ ပထမဆုံးနံပါတ် နှင့် ဒုတိယနံပါတ် တို့မှာ Resistor ကဲ့ သို့ပင် တန်ဖိုးပင်ဖြစ်ပေ၍ တတိယ နံပါတ်သည်လည်း Resistor လိုပဲ မြှောက်ဖော်ကိန်းဖြစ်ပေသည်။ ကွာခြားသည်မှာ အရောင် နှင့် နံပါတ်ဖြစ်ပြီး SMD Resistor များနှင်ဆင်တူပြန်သော်လည်း နောက်ဆုံး Tolerance ခြားနားမှု့တန်ဖိုးမှာ အက္ခရာဖြင့်ဖြစ်နေပေသည်။ ထို့ကြောင့် ဖတ်မှတ်ခဲ့ဘူးပြီးဖြစ်သော BS 1852 စနစ်မှ Resistor တန်ဖိုး ...