Posts

Showing posts from October, 2025

Electronic Basic ( 1 - 3 ) Resistor တန်ဖိုးဖတ်ခြင်း

Image
                             Resistor သည် အီလက်ထရွန်းနစ် ပါတ်လမ်းများတွင် အသုံးအများဆုံးသော အခြေခံအီလက်ထရွန်းနစ် အစိတ်အပိုင်းတခုဖြစ်ပါသည်။ ယင်း၏အဓိလုပ်ငန်းစဉ်မှာ Ampere ကိုအလိုရှိသလို လျော့ချရန် မိမိအလိုရှိရာ ဗို့အားကို ရရှိလာစေရန်ဖြစ်ကြောင်း ရှေ့ပိုင်းတွေ လေ့လာသိရှိခဲ့ကြပြီး ဖြစ်ပါသည်။  ယင်းကိုထုတ်လုပ်သည့် အခါ Resistance ( R ) ကိုရရှိအောင် ထုတ်လုပ်ထားပါသည်။    Resistor များ၏ မျက်မြင် အရွယ်အစားသည် ပါဝါခံနိုင်မူပေါ်မူတည်နေပါသည်။    ဆိုလိုသည်မှာ ကိုယ်ထည် ပိုကြီးလျှင် Watt များများခံနိုင်သည် ။    သို့သော် အရွယ်အစားနှင့် Resistance မှာဆက်စပ်မှု့မရှိပေ။ Resistor ကို Ohm ယူနစ်ဖြင့် တိုင်းတာသည် Resistor တွင် Fix တန်ဖိုး မပြောင်းလဲနိုင်သော Resistor နှင့် Variable Resistor တန်ဖိုးပြောင်းလဲနိုင်သော Resistor ဟူ၍ နှစ်မျိုးသာရှိပေသည် ။ ၎င်းတို့သည် အရွယ်အစား သေးငယ်ကြသဖြင့် တန်ဖိုးကို အရောင်များဖြင့် ကိုယ်ထည်ပေါ်တွင်ဖော်ပြထားပြီး အရောင်ကိုဖတ်၍ တန်ဖိုးကို ပြန်တွက်ယူရပေသည် ။  တန်ဖ...

Electronic Basic ( 1 - 2 ) Fixed Resistor

Image
             ပုံသေ Resistor များကို မည်သည့် ပုံစံမည်သည့် ပစ္စည်းများနှင့် တည်ဆောက်ထားသည် ဖြစ်စေ၎င်း Resistor ၏ တန်ဖိုး သတ်မှတ်ချက်ကို အရောင် သတ်မှတ်ချက် (Color Code) ဖြင့်ဖေါ်ပြခြင်း နှင့် စာလုံးကိန်းဂဏန်းတို့ဖြင့် ဖေါ်ပြခြင်းဟူ၍ နှစ်မျိုးသာ မြင်တွေ့နိုင်မှာဖြစ်ပါသည်။ What is a Resistor?                   Resistor များနှင့်ပါတ်သက်၍ လေ့လာစရာများစွာ မကုန်ဆုံးနိုင်အောင် ရှိသော်လည်း Electronic Basic Course စာအုပ်ငယ်တွင်တော့ အခြေခံ အကြောင်းအရာများ ကို စာဖတ်သူ လျှပ်စစ်မိတ်ဆွေများ နားလည်စေရန် ဦးစားပေး၍ အခြေခံကျကျရှင်းပြနိုင်ရန် ကြိုးစား တင်ပြထားပါသည်။  Variable Resistor (တန်ဖိုးပြောင်းလဲနိုင်သော Resistor) တန်ဖိုးပြောင်း ရီစစ္စတာများမှာ ( Volume control ) ကဲ့သို့သော အသံတိုးချဲ့ ပြုလုပ်နိုင်သော ကရိယာတခုအဖြစ် ဈေးကွက်အတွင်း အပြောများကြပါသည်။ Variable Resistor များကို အသုံးပြုခြင်းဖြင့် Ampere လျော့ချခြင်း ၊ မြှင့်တင်ခြင်း ၊ Voltage တန်ဖိုးလျော့ချခြင်း မြှင့်တင်ခြင်း ၊ အလင်းအမှောင်များအား ကစားနိုင်ခြင်း...

Electronic Basic ( 2 - 1 ) Capacitor အကြောင်း

Image
အီလက်ထရွန်းနစ် ပါတ်လမ်းများတွင် Resistor ကဲ့သို့ အများဆုံးအသုံးပြုသည်မှာ အခြေခံလျှပ်စစ်ပစ္စည်းတမျိုးဖြစ်သော Capacitor ပင်ဖြစ်ပေသည်။ Capacitor သည် Dielectric ဟုခေါ်သော လျှပ်ကာပစ္စည်း ဖြင့် ပိုင်းခြားထားသော လျှပ်စစ်ကူး နိုင်သော သတ္တုပြား နှစ်ခုကြားတွင် လျှပ်စစ်အားကို စုဆောင်းခြင်းဖြင့် လျှပ်စစ် စွမ်းအင်ကို သိုလှောင်သည်။ ကပယ်စီတာ၏ လျှပ်သို အရည်အချင်းကို Capacitance ဖြင့်တိုင်းတာပြီး သင်္ကေတမှာ C ဖြစ်၍ ယူနစ်မှာ farad (F) ဖြစ်သည်။ Farad တန်ဖိုးများလေ လျှပ်သိုနိုင်စွမ်းများလေပင်ဖြစ်သည်။ ကပယ်စီတာကို လျှပ်စစ်ဗို့အား ဖြင့် ချိတ်ဆက်ပေးထားလိုက်လျှင် ယင်းကို Charging အားသွင်းချိန်ဟု ခေါ်သည်။ အကယ်၍ ကပယ်စီတာ ခြေထောက်နှစ်ချောင်းအား မီးလုံးဖြင့်ဖြစ်စေ ရီစစ္စတာတလုံးဖြင့်ဖြစ်စေ ပြန်၍ချိတ်ဆက်ပါက Discharging ဖြစ်ပြီး ဗို့အားကို ပြန်စွန့်ထုတ်သည်ဟုခေါ်ပေသည်။ DC Capacitor ပုံကိုတွေ့မြင်ရစဉ် အချို့ ကသံချောင်းငယ်ဖြင့် ခြေထောက်နှစ်ချောင်းကို တိုက်ရိုတ် ထိခြင်းဖြင့် Discharging လုပ်တတ်ကြသည်။ ထိုကဲ့သို့ပြုလုပ်ခြင်းကို Short ချသည်ဟုခေါ်ဆိုကြပါသည်။ ကပယ်စီတာတွင် ဖြစ်ပေါ်နေသော Voltage သိုလှောင်ထားနိုင်သော လျှပ်စစ်ပမာ...

Electronic Basic ( 1 - 1 ) Resistor များပြုလုပ်ထားပုံ

Image
Unit ( 1 - 1 ) Resistor များပြုလုပ်ထားပုံ           Resistor သည် အီလက်ထရွန်းနစ်ပါတ်လမ်းများတွင် အသုံးအများဆုံးသော အခြေခံအီလက်ထရွန်းနစ်အစိတ်အပိုင်းတခုဖြစ်သည်။ ယင်း၏အဓိလုပ်ငန်းစဉ်မှာ Ampere ကိုအလိုရှိသလိုလျော့ချရန် မိမိအလိုရှိရာဗို့အားကို ရရှိလာစေရန်ဖြစ်သည်။ ယင်းကိုထုတ်လုပ်သည့်အခါ Resistance ( R ) ကိုရရှိအောင်ထုတ်လုပ်ထားပါတယ်။  Resistor များ၏မျက်မြင်အရွယ်အစားသည် ပါဝါခံနိုင်မူပေါ်မူတည်နေသည်။ ဆိုလိုသည်မှာ ပိုကြီးလျှင် Watt များများခံနိုသည် သို့သော် အရွယ်အစားနှင့် Resistance မှာဆက်စပ်မှု့မရှိချေ။ Resistor ၏ Schematic Diagram ပုံစံ         Resistor ကိုပြုလုပ်ရာတွင်အသုံးပြုသောပစ္စည်းအမျိုးမျိုးရှိပါတယ်။ ဥပမာအားဖြင့် (ကာဗွန် ၊ နီခရုန်းဝါယာ ၊ မယ်တယ်အောက်ဆိုဒ်) စသည်တို့အပြင်အခြားသောဒြဒ် ပေါင်းပစ္စည်းအမျိုးမျိုးကိုအသုံးပြုပြီး Resistor ကိုပြုလုပ်ထားပါတယ်။ အရွယ်အစားအမျိုးမျိုးနှင့်နှင့်ပုံစံအမျိုးမျိုးတို့ဖြင့်တွေ့ရှိနိူင်ပါမယ် Resistor ကိုထုတ် လုပ်သော အရင်းခံပစ္စည်းအမျိုးမျိုးပုံစံအမျိုးမျိုးဖြင့်တွေ့ရှိနိူင်သော်လည်းအဓိကအားဖြင့်...

555 IC ( 1 ) 555 IC မိတ်ဆက်ခြင်း

Image
             Electronic ခေတ်ရဲ့ အဆင့်ဆင့်တိုး တက်လာမှု သမိုင်းကို ပြန်ပြောကြမယ် ဆိုပါက 555 IC အကြောင်းကိုချန် ခဲ့လို့ မရနိုင်ပါဘူး။ Analog Electronic ခေတ်ရဲ့ဇတ်လိုက်ကျော်ကြီးလို့ ကင်ပွန်းတပ်ရလောက်အောင်ကို 555 Timer IC လေး ကနေရာစုံ အသုံးဝင်ခဲ့ပါတယ်။ ယခုအချိန် အထိလည်းဇတ်လိုက်ကျော် ဖြစ်နေဆဲပါပဲ ။ မြန်မာပြည်မှာ အိမ်တိုင်းသုံးတဲ့ Safe Guard ကို 555 အိုင်စီ ၃ သုံးဖြင့် တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ယခုနောက်ပိုင်း ဈေးကွက်အတွင်းတွင် Marketing အရ Microcontroller IC ကိုအသုံးပြုပြီး ဆက်လက်ထုတ်လုပ် လာပြီဖြစ်ပေမည့် Function တွေကအတူတူပင် ဖြစ်ပါတယ်။ မတူညီခြင်း ကတော့ ဈေးနှုန်းအားဖြင့် သက်သာခြင်း အကြမ်းခံခြင်းတို့ကတော့ 555 အိုင်စီရဲ့ အားသာချက်ပင်ဖြစ်ပါတယ် ။ Hans R. Camenzind နောက်ခံသမိုင်းကြောင်း             နာမည်ကျော် 555 Timer IC လေးကို ၁၉၇၁ ခုနှစ်မှာ Hans R. Camenzind ဟန်စကင်းဇင် ( 1931 – 2012 ) က InterDesign ကုမ္ပဏီအနေဖြင့် Signetics ကုမ္ပဏီ ၊ Phillips Semiconductors ( ယခု NXP ) နဲ့လက်တွဲပြီး အိုင်စီလေးကို တ...

555 IC ( 2 ) 555 IC ဖွဲ့စည်းတည်ဆောက်ထားပုံ

Image
                                   555 IC (Integrated Circuit) သည် Phase - Locked Loop သဘောတရားပါဝင်တဲ့ IC ဖြစ်သလို ပထမဆုံးသော Integrated Class D Amplifier လည်းဖြစ်ပေသည်။ အဓိကအားဖြင့် Timer အဖြစ်အသုံးပြုထားသလို Oscillator နဲ့ Pulse Generation နေရာများမှာလည်း အများအပြား အသုံးပြု ကြပါသည် ။ ထုတ်လုပ်သည့် ကုမ္ပဏီအလိုက် မျိုးကွဲများစွာ ရှိသော်လည်း Standard 555 Package တခုမှာ - ·          Transistor - ၂၄ လုံး ·          Resistor - ၁၅ လုံး ·          Diode - ၂    လုံး တို့ပါဝင်တည်ဆောက်ထားကြပါသည် ။ 555 Timer IC ကို လုပ်ငန်းလိုအပ်ချက်အရ CMOS Version အနေဖြင့်လည်း ထုတ်လုပ်ထားပါသည် ။ CMOS Version ဖြင့်ထုတ်လုပ်ထားသော်လည်း လုပ်ဆောင်ချက်မှာ အတူတူပင်ဖြစ်ပါသည် ။ CMOS Version တွင်တော့ Bipolar Version ကဲ့ သို့ Bipolar Junction Transistor များဖြင့်တည်ဆောက်ထားခြင်း မဟုတ...