Power ( 4 ) Ampere သို့မဟုတ် လျှပ်စစ်ကြောင်း
ဆားကစ်တခုတွင် အုမ်းတန်ဖိုးကို မပြောင်းလဲပဲ ဗို့အားကိုပြောင်းပေးသော် Ampere ပြောင်းလာပေလိမ့်မည်။ ဥပမာ ဆို ကြပါစို့ ဗို့အားကို 0 V မှာ 12 V အထိ လှည့်ပေးနိုင်သည်ဆိုပါစို့ မီးလုံးသည် 12 V ခံနိုင်သောမီးလုံးဖြစ်မည်ဆိုပါစို့ ၊ ထို့မှသာ အားအပြည့်ဖြင့် လင်းနိုင်ပေမည် မီးလုံးကိုပေးထားသော ဗို့အားကို 12 V မှ 10 V သို့လျော့ချလိုက်သောအခါ ဆားကစ် ပါတ်လမ်းတွင်ဖြတ်စီးနေသော Ampere သည် အနည်းငယ် လျော့သွားသဖြင့် မီးသည် အတန်ငယ်မှိန်သွားပေမည်။ နောက်ဆုံး 0 V အထိလျော့ လိုက် လျှင် မီးလုံးသည် လုံးဝ ပိတ်သွားမည်ဖြစ်ပြီး Ampere လည်းမစီးတော့ချေ။ ထို့ကြောင့် Voltage နှင့် Resistance တို့အတွတ် ယေဘုယျ အားဖြင့် Ohm's Law ကို သိရှိနိုင်သည်။ Ohm's Law Wheel I = V / R Ampere = Voltage / Resistance ထို့ကြောင့် 3 Ω တန်ဖိုးရှိ Resistor တခု၏ အစွန်းနှစ်ဘက်တွင် 6 V ပေးထားပါက Ohm's Law အရ ယင်း Resistor ကိုဖြတ်စီးနေသော Ampere သည် 2 A ဖြစ်ကြောင်းသိရှိနိုင်ပေသည်။ လျှပ်စစ်ပါတ်လမ်းတခုတွင် ခုခံမှု့ကြီးကြီးပေးလိုက်သောအခါ ဗို့အားမြှင့်ပေးသော်လည်း Ampere နည်းနေပေလိမ့်မည် ၊ ဗို့အာ...